West Side Story FHD

West Side Story

Crime Drama Romance Oscar Movies FHD 2021-12-08 7.085 157 Min

ဇာတ်လမ်းကတော့ ရှိတ်စပီးယားရဲ့ ရိုမီယို နဲ့ ဂျူးလိယက်ကို inspire ယူထားတာပါပဲ။ နယူးယောက်မြို့ရဲ့ ဂျက်စ် ဆိုတဲ့ အမေရိကန်လူငယ်အဖွဲ့နဲ့ ငမန်းတွေဆိုတဲ့ စပိန်လူငယ်အဖွဲ့တို့ နယ်မြေလုဖို့ တိုက်ခိုက်အားပြိုင်နေကြပါတယ်။ ဒါကိုရဲတွေက လိုက်ထိန်းသိမ်းနေရတဲ့အခြေအနေပါ။ ခဏခဏတိုက်ခိုက်နေရတာကို စိတ်ကုန်လာတဲ့ နှစ်ဖွဲ့ဟာ နောက်ဆုံးအပြီးသတ် အရှုံးအနိုင်ပေါ်အောင် တိုက်ခိုက်ဖို့ ကပွဲတစ်ခုမှာ စပြီး ချိန်းဆိုလိုက်ကြပါတော့တယ်။ အဲဒီကပွဲမှာပဲ စပိန်သူလေး မာရီရာ နဲ့ ဂျက်အဖွဲ့ရဲ့ အမေရိကန်သားလေး တိုနီတို့ ချစ်ကြိုက်သွားပါတော့တယ်။ လူငယ်နှစ်ယောက်ရဲ့အချစ်နဲ့ လူမျိုးရေးမုန်းတီးမှုနဲ့တိုက်ပွဲတွေကြား လွန်ဆွဲမှုတွေကို သရုပ်ဖော်ထားတာပါပဲ။ အနုပညာလက်ရာကောင်းကောင်းခံစားတတ်သူတွေအကြိုက်တွေ့မှာပါ။