Joan of Arc FHD

Joan of Arc

Comedy Drama FHD 2025

အိုက်စလန်ရဲ့ နာမည်ကြီး ဒါရိုက်တာ Hlynur Pálmason ရဲ့ သဘာဝ ရှုခင်း ရိုက်ချက်တွေနဲ့ အနုပညာဆန်ဆန် ပုံဖော်မှုကို ခံစားရမှာပါ။သာမန် စကားပြော ဒရမ်မာတွေနဲ့ မတူဘဲ ရာသီဥတု လေးခုရဲ့ အလှအပနဲ့ ကလေးတွေရဲ့ ပြုမူလှုပ်ရှားမှုကို အနုစိတ် ရိုက်ကူးထားလို့ Art-house ရုပ်ရှင် ကြိုက်သူတွေအတွက် အထူး သဘောကျစရာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မောင်နှမ ၃ ယောက်ဟာ ကွင်းပြင်ကျယ်တစ်ခုမှာ ရာသီဥတု အကူးအပြောင်းတွေကြား... ရိုက်ခတ်နေတဲ့ရုပ်တုကြီးတစ်ခုကို တည်ဆောက်လိုက်၊ ပြီးရင် မြှားတွေနဲ့ အပြိုင်အဆိုင် ပစ်ခတ်ဖျက်ဆီးလိုက်နဲ့ ဆော့ကစားကြတာကနေ စတင်ထားတာပါ။ နွေ၊ မိုး၊ ဆောင်း ရာသီဥတု အပြောင်းအလဲတွေကြားမှာ ထို မောင်နှမ ၃ ယောက်ရဲ့ အတူတူ ကြီးပြင်းလာမှု၊ ကစားပုံတွေနဲ့အတူ... အရာရာကို တည်ဆောက်လိုက်၊ ဖျက်ဆီးလိုက် လုပ်နေကြတဲ့ သူတို့ရဲ့ ဘဝအခိုက်အတန့်တွေကို ဒါရိုက်တာက အသံမပါဘဲ အလှအပတွေနဲ့ ရိုက်ပြထားပါတယ်။ ကလေးတွေရဲ့ ရိုးရှင်းတဲ့ ဖန်တီးမှုနဲ့ သဘာဝတရားရဲ့ ပြောင်းလဲမှုတွကိုကြည့်ရမှာဖြစ်ပါတယ်