Ang Rider Kong Hoodlum FHD

Ang Rider Kong Hoodlum

Drama Romance FHD 2026

မိနစ် ၄၅ သာ ရှိတဲ့ Short Film မို့လို့ လိုရင်းတိုရှင်းနဲ့ သွက်သွက်လက်လက် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် ဖိလစ်ပိုင် အက်ရှင် Thriller ကားလေးဖြစ်ပါတယ် ဇာတ်လမ်းကတော့ ဘဝကို အေးဆေး ဖြတ်သန်းနေတဲ့ ရုံးဝန်ထမ်းမလေးတစ်ယောက် အကြောင်းကနေ စတင်ထားတာပါ။ တစ်နေ့မှာတော့ သူမဟာ မတော်တဆဆိုသလို ကြောက်စရာကောင်းတဲ့ လူသတ်မှုကြီးတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရပါတော့တယ်။ လူသတ်သမားတွေက သူမကို နှုတ်ပိတ်ဖို့ လိုက်လံ ရှာဖွေလာတဲ့အခါမှာတော့... သူမအနေနဲ့ အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် သူမ အမြဲတမ်းငှားလေ့ရှိပြီး သဘောကျရတဲ့ဒယ်လီဗာရီ ကောင်လေးကို အကူအညီ တောင်းလိုက်ရပါတော့တယ်။ လမ်းပေါ်မှာ ကျွမ်းကျင်ပြီး သတ္တိရှိတဲ့ ထိုရိုက်ဒါ လမ်းသရဲလေးနဲ့ ရုံးဝန်ထမ်းမလေးတို့ဟာ... လူသတ်သမားတွေရဲ့ အန္တရာယ်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ဘယ်လိုမျိုး အသက်လွတ်အောင် ရုန်းကန် ထွက်ပြေးကြမလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။