ဂိုဂျင်အို့ဆိုတဲ့ ဘွားဘွားအန်တီက ဂျယ်ဂျူကျွန်းရဲ့အတော်ဆုံးရေငုပ်သမဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝဟာ သမီးလေးမရှိတော့တဲ့နောက် အထီးကျန်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။ ဒါ့အပြင် အိပ်ရာပေါ်လဲနေတဲ့ ခင်ပွန်းဖြ်စ်သူကို ပြုစုရင်း ၊ တစ်ဖက်မှာလည်း ရေငုပ်သမအနေနဲ့ အသက်မွေးရင်း အထီးကျန်ဆန်စွာဖြတ်သန်းနေခဲ့ရပါတယ်။ ဂယောင်ဟွန်းကတော့ ဆိုးလ်ရုပ်သံလွှင့်ဌာနမှာအလုပ်လုပ်နေတဲ့ ပီဒီတစ်ဦးဖြစ်ပြီး ဂိုဂျင်အို့အကြောင်းကို အစီအစဉ်မှာထည့်သွင်းရိုက်ကူးချင်တာကြောင့် ဂျယ်ဂျူဒိုကိုရောက်လာခဲ့သူပါ။ ဒါပေမယ့် ဂိုဂျင်အို့ကတော့ ရိုက်ကူးရေးလုပ်ဖို့ အဆုံးထိငြင်းဆန်နေတဲ့အတွက်ကြောင့် မရရတဲ့နည်းလမ်းအစုံသုံးပြီး ဖြောင်းဖျကြည့်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူတို့နှစ်ယောက် ဘယ်လိုနီးစပ်သွားမလဲ ….. တူညီတဲ့စိတ်ဒဏ်ရာရှိတဲ့သူအချင်းချင်း ဘယ်လိုအားပေးရင်း ချစ်မိသွားကြမလဲဆိုတာကို ရသဆန်ဆန်တင်ဆက်ထားတဲ့ ကားကောင်းလေးမို့ မလွတ်တမ်းအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…