ဂျက်ဖ်ဘီဇိုဟာ ကုမ္ပဏီမှာအလုပ်လုပ်နေရင်းနဲ့ အမြဲတမ်း ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ဖို့အတွက် စိတ်ကူးခဲ့တာပါ ဒါပေမယ့် ကုမ္ပဏီကလူတွေအပြင် အသိမိတ်ဆွေမိသားစုတွေအားလုံးကလည်း သိပ်ပြီးတော့ ဒီစိတ်ကူးကို အားမပေးချင်ကြပါဘူး ဘာလို့လဲဆိုတော့ အခြေကျနေတဲ့အလုပ်အကိုင်ကနေထွက်ပြီး စွန့်စားဖို့ဆိုတာက သာမန်လူတွေအနေနဲ့ပြောရရင် အရမ်းကိုအန္တရာယ်များတဲ့ကိစ္စမလို့ပါ ဒီစွန့်စားမှုမှာ ဂျက်ဖ်ဘီဇိုဘက်က ထောက်ခံတာဆိုတော့ သူ့ရဲ့ဇနီးမက်ဂ်ကန်ဇီပဲရှိခဲ့ပါတယ် ဂျက်ဖ်ဘီဇိုတစ်ယောက် ဒီလိုအခက်အခဲတွေကြားထဲကနေ ဘယ်လိုရုန်းထွက်ပြီး Amazon ကို တည်ထောင်ခဲ့လဲ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်