A Prayer for the Dying FHD

A Prayer for the Dying

Drama Thriller FHD 2026

ဇာတ်လမ်းအကျဉ်း၁၈၇၀ ခုနှစ်ဝန်းကျင် အမေရိကန် ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားတဲ့အချိန်၊ ဝစ်စကွန်ဆင်ပြည်နယ်က ဖရန့်ကလင်ဆိုတဲ့ မြို့လေးမှာ ဂျေကော့ ဟန်ဆင် ဆိုတဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ဟာ အတိတ်က အမှောင်မိုက်ဆုံး အကြမ်းဖက်မှုတွေကို မေ့ဖျောက်ပြီး ဘဝသစ်တစ်ခု ထူထောင်နေတာပါ။သူဟာ ဒီမြို့လေးမှာ ရဲအရာရှိ၊ သင်္ဂြိုဟ်သူနဲ့ သင်းအုပ်ဆရာ စတဲ့ တာဝန်တွေကိုပါ ယူထားပြီး ငြိမ်းချမ်းတဲ့ ဘဝလေးကို တည်ဆောက်နေပေမဲ့ ကြောက်မက်ဖွယ် ကောင်းလှတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုနဲ့ တောမီးအန္တရာယ်က မြို့လေးဆီကို ရုတ်တရက် ကျရောက်လာပါတော့တယ်။အဲဒီအချိန်မှာ မြို့ရဲ့ တစ်ဦးတည်းသော ဆရာဝန်ဖြစ်သူက မြို့ကို အဝင်အထွက် ပိတ်ဆို့ဖို့ အကြံပေးပြီး၊ သူ့ရဲ့ ဇနီးဖြစ်သူကတော့ ကလေးငယ်ကိုခေါ်ပြီး ဒီအန္တရာယ်တွေကြားကနေ ထွက်ပြေးဖို့ တောင်းဆိုလာပါတော့တယ်။ဒါပေမဲ့ သူ့ကို ဒုတိယအကြိမ် ဘဝသစ်တစ်ခု ပေးခဲ့တဲ့ မြို့သူမြို့သားတွေကို ပစ်မသွားနိုင်တဲ့ ဂျေကော့တစ်ယောက် မိသားစုကိုပဲ ကယ်တင်မလား၊ ဒါမှမဟုတ် မြို့လေးကိုပဲ ကာကွယ်မလားဆိုတဲ့ ရင်နာစရာ ရွေးချယ်မှုတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…။