Ice Cube၊ Cedric the Entertainer နဲ့ eve တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဟာသဒရာမာ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကို ချီကာဂိုတောင်ပိုင်းက ဆံပင်ညှပ်ဆိုင်လေးရဲ့တစ်ရက်တာအဖြစ်တည်ထားပါတယ်။ ကယ်ဗင်ဟာဆုံးသွားတဲ့ သူ့အဖေဆီက အမွေရခဲ့တဲ့ ဒီဆံသဆိုင်ကို ဆက်ထိန်းသိမ်းဖို့ငွေရေးကြေးရေး အခက်အခဲနဲ့ကြုံနေရပါတယ်၊ အဲ့ဒါကြောင့် သူ့ဆိုင်က ဝန်ထမ်းတွေနဲ့ဖောက်သည်တွေကို အသိမပေးပဲ ငွေတိုးချေးသမား လတ်စတာဆီကို ဒေါ်လာနှစ်သောင်းနဲ့ရောင်းခဲ့မိပါတယ်။ ဒါပေမယ့် အဲ့ဒီတစ်နေ့တာအတွင်း ဆိုင်ထဲက ဝန်ထမ်းတွေရဲ့ဘ၀၊ မြို့ခံလူမည်းတွေရဲ့စကားသံတွေနဲ့အတူဒီဆိုင်လေးဟာ မြို့ရဲ့လူမည်းအသိုင်းအဝိုင်းကြားအရေးပါပုံတွေကို သဘောပေါက်မိသွားပြီး ဆိုင်ကိုပြန်ယူဖို့ကြိုးစားလုံးပမ်းရပါတော့တယ်။ ရုံတင်စဉ်က BO No 1 နေရာကိုရခဲ့ပြီး အရင်းထက် ၆ ဆပြန်မြတ်ခဲ့တဲ့ကားပါ။အဆင်မပြေမှုတွေ ပြဿနာတွေကြားက နွေးထွေးတဲ့ရပ်ဝန်းလေးတစ်ခုကိုချစ်စဖွယ်ပုံဖော်ပေးနိုင်လို့ ပရိသတ်တွေရော ဝေဖန်ရေးဆရာတွေပါအကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားကောင်းပါပဲ။