တချို့နေရာတွေဟာ လူတွေအတွက် အမှတ်တရတွေ ပြည့်နှက်နေတဲ့ နေရာလေးတွေဖြစ်သလို တချို့အတွက်တော့ မပြီးဆုံးသေးတဲ့ အတိတ်ဇာတ်လမ်းတွေနဲ့ သံယောဇဉ်တွေကို သိမ်းဆည်းထားတဲ့ နေရာတွေလည်း ဖြစ်တတ်ပါတယ်…အထူးသဖြင့် နှစ်ပေါင်းများစွာ မေ့ပျောက်လို့မရတဲ့ အတိတ်တစ်ခုနဲ့အတူ တစ္ဆေတစ်ကောင်ပါ ရှိနေခဲ့မယ်ဆိုရင်ရော…ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ထိုင်ဝမ်ဟာသ-သရဲဇာတ်ကားလေးဖြစ်ပြီး ဘဝမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လူငယ်ဒါရိုက်တာ ခဲကျင့်ရှော့ဟာ မတော်တဆမှုတစ်ခုကြောင့် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ရတဲ့ ယာ့ရှီးပြဇာတ်ရုံဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်.. အဲဒီပြဇာတ်ရုံမှာ သူ့အဖေ မပြီးဆုံးခဲ့တဲ့ ပေါင်ချွမ့်ဆိုတဲ့ အော်ပရာပြဇာတ်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားရင်း နှစ်ပေါင်း ၂၀ ကြာအောင် ပြဇာတ်ရုံထဲမှာ မထွက်ခွာနိုင်သေးတဲ့ မိန်းကလေးသရဲ ကျောက်ချိုင်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်အစပိုင်းမှာတော့ မမျှော်လင့်ထားတဲ့ သရဲတစ်ကောင်နဲ့ တွေ့ဆုံရတာကြောင့် ရယ်စရာအဖြစ်အပျက်တွေ ဖြစ်ပေါ်လာပေမဲ့ ဇာတ်လမ်းရှေ့ဆက်လာတာနဲ့အမျှ ပြဇာတ်ရုံဟောင်းကြီးထဲမှာ ဖုံးကွယ်နေခဲ့တဲ့ မိသားစုနှစ်ဆက်ရဲ့ အတိတ်လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်လာရပါတယ်…နောက်ဆုံးမှာတော့ ခဲကျင့်ရှော့ဟာ ကျောက်ချိုင်စီးရဲ့ မပြီးဆုံးသေးတဲ့ ဆန္ဒနဲ့ သံယောဇဉ်တွေကို နားလည်လာပြီး သူမရဲ့စိတ်စွဲလမ်းမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားပါတော့တယ်ဒီဇာတ်ကားမှာကတော့ သရဲဇာတ်လမ်းတစ်ခုတည်းကိုသာ အဓိကထားတာမဟုတ်ဘဲ ထိုင်ဝမ်ရိုးရာ အော်ပရာ အနုပညာ နဲ့ အတိတ်က မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းတွေကိုပါ ပေါင်းစပ်တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်…အထူးသဖြင့် ထိုင်ဝမ်မင်းသမီး Shao Yuwei က ရိုးရာအော်ပရာအဆိုတော်နဲ့ မိန်းကလေးသရဲဆိုတဲ့ ဇာတ်ကောင်နှစ်မျိုးကို တစ်ယောက်တည်း သရုပ်ဆောင်ထားတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်သရဲဇာတ်လမ်းအရသာ ရိုးရာအနုပညာတွေကို ပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားလေးဟာ ဟာသနဲ့ ကြောက်စရာအခန်းတွေကြားမှာ ခံစားချက်အမျိုးမျိုး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်စေမှာပါ.. ဇာတ်လမ်းအမျိုးအစားတွေ ရောနှောတင်ဆက်ထားတာကြောင့် ကြည့်ရှုသူအချို့ရဲ့ အမြင်မှာ အနည်းငယ်ကွဲပြားမှုရှိနိုင်ပေမဲ့ ထူးခြားတဲ့ ထိုင်ဝမ်သရဲဇာတ်ကားမျိုးကို ကြည့်ချင်သူတွေအတွက်တော့ စမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်