The Poet FHD

The Poet

Romance Music FHD 2025-02-14 6 137 Min

ရုရှားစာပေလောကရဲ့ ဖခင်ကြီးလို့ တင်စားခံရပြီး ကမ္ဘာကျော်ခဲ့တဲ့ ဂန္ထဝင် ကဗျာဆရာကြီး အလက်ဇန်းဒါး ပုရ်ရှ်ကင် (Aleksandr Pushkin) ရဲ့ စွန့်စားခန်းများ၊ အနုပညာ အမွေအနှစ်များနှင့် ကြေကွဲဖွယ် ဘဝခရီးလမ်းကို ရိုက်ကူးထားတဲ့ ရုရှား Biography / Historical Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ၂ နာရီ ၁၇ မိနစ်ကြာအောင် ရုရှားအင်ပါယာ ခေတ်ရဲ့ ခမ်းနားမှုများ၊ ကဗျာဆရာကြီး၏ ရဲရင့်သော စိတ်ဓာတ်နှင့် အချစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို အနုပညာမြောက်စွာ ပုံဖော်ထားပါတယ် ဇာတ်လမ်းကတော့ ရုရှားစာပေသမိုင်းမှာ ထာဝရ မသေနိုင်တဲ့ အမွေအနှစ်တွေကို ချန်ထားခဲ့သူ၊ ကဗျာဆရာကြီး အလက်ဇန်းဒါး ပုရ်ရှ်ကင် (Aleksandr Pushkin - Yura Borisov) ရဲ့ ငယ်ဘဝ၊ တော်လှန်ရေး အမြင်တွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်ဘဝ ခရီးလမ်းကနေ စတင်ထားပါတယ်။ ပုရ်ရှ်ကင်ဟာ ရိုးရိုးကဗျာဆရာတစ်ဦးတင် မဟုတ်ဘဲ အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ရဲရင့်စွာ ဆန့်ကျင်ခဲ့သူ၊ လွတ်လပ်မှုကို တမ်းတသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ သူရဲ့ ထင်ရှားတဲ့ ကဗျာဖန်တီးမှုတွေ၊ အဆင့်အတန်း ကွာခြားချက်တွေကို ကျော်လွန်ပြီး ရရှိလာတဲ့ အချစ်ဇာတ်လမ်းတွေအပြင်... အာဏာပိုင်တွေနဲ့ အကြိတ်အနယ် ပဋိပက္ခဖြစ်ပွားခဲ့ရပုံ၊ နောက်ဆုံးမှာ ရုရှားလူ့အဖွဲ့အစည်းရဲ့ အမုန်းတရားနဲ့ ကြွေလွင့်ခဲ့ရတဲ့ အထိမ်းအမှတ် ဖြစ်ရပ်များတွေပါတဲ့ ရုရှားစာပေသမိုင်းကို ဒီနေ့ခေတ်ရိုက်ချက်တွေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။