"တက္ကသိုလ်ကျောင်းဝင်းထဲက အမှိုက်ပုံးတွေကို ကြည့်လိုက်ရင် ရင်းနှီးနေတဲ့ အမှတ်တရတွေပဲ… ဘာလိုလဲဆိုတော့ အဲဒီအမှိုက်ပုံးတွေကြားမှာပဲ ကျွန်မ ကြီးပြင်းခဲ့ရတာမို့လို့ပါ" ဒီဇာတ်ကားဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ "လစ်ဇ် မာရေး" ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ ဘဝဇာတ်ကြောင်းအမှန်ကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် "လစ်ဇ် "ဆိုတဲ့ ကောင်မလေးကတော့ မူးယစ်ဆေးစွဲပြီး အေအိုင်ဒီအက်စ် (AIDS) ရောဂါသည် မိဘနှစ်ပါးရဲ့ လက်အောက်မှာ ငတ်တလှည့် မျတ်တလှည့်နဲ့ ကြီးပြင်းခဲ့ရတာပါ အသက် ၁၅ နှစ်အရွယ်မှာတော့ အမေဖြစ်သူ ဆုံးသွားပြီးတဲ့နောက်မှာ အိမ်ခြေမဲ့ဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ ညဘက်ဆိုရင် မြေအောက်ရထားတွေပေါ်မှာ အိပ်၊ စားစရာကို အမှိုက်ပုံးထဲရှာစားရင်း ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ရပါတယ် ဒါပေမဲ့ ဒီလိုဘဝဆိုးထဲမှာပဲ လစ်ဇ်ဟာ သူ့ရဲ့ဘဝကို ဒီအတိုင်း အရှုံးမပေးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာအထောက်အပံ့မှမရှိ၊ အိပ်စရာအိမ်ဆိုတာတောင် မရှိတဲ့အခြေအနေမှာ လစ်ဇ်ဟာ အထက်တန်းကျောင်းပြန်တက်ဖို့ ကြိုးစားခဲ့ပြီး အနာဂတ်ကို ပြောင်းလဲဖို့ အားသွန်းခွန်စိုက် ကြိုးပမ်းပါတော့တယ် လမ်းဘေးမှာ ခေါင်းအုံးမဲ့ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဟာ ဟားဗက် (Harvard) လို ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးရဲ့ တံခါးဝကိုရောက်ဖို့ ဘယ်လိုများ ကြိုးစားသွားမလဲ... ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်နေချိန် ဒါမှမဟုတ် ကြိုးစားလိုစိတ် အားနည်းနေချိန်မှာ သေချာပေါက် ကြည့်ရှုသင့်တဲ့ (Inspirational) ဇာတ်ကားကောင်းတစ်ကားပါ