မက်စ်ပီတာဆန်က ကွန်ပျူတာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်မှာ အလုပ်ကိစ္စနဲ့ ခေတ္တနေထိုင်စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင် အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်ထပ် message ဝင်လာပါတယ်။ စတော့ရှယ်ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာခင် 300% ကျော်အထိထိုးတက်သွားပါတယ်။ထို့နောက်မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို ချက်နိုင်ငံ ပရဂ်မြို့ကိုသွားပြီး လောင်းကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလိုနဲ့ မက်စ်တစ်ယောက် အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေးတဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ ဘာကြောင့်အရာအားလုံးကိုသိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်စ်တစ်ယောက်အဖြေရှာရတော့မှာဖြစ်ပါတယ်။ဇာတ်လမ်းက အက်ရှင် Thriller နဲ့ Sci-fi အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်အိမ်သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်ခန်း သိပ်မပါဘဲ စုံထောက်ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action Thriller ပရိတ်သတ်တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကားမျိုးပါ။