Sore: A Wife from the Future FHD

Sore: A Wife from the Future

ဒီကား​လေးက​တော့ 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား web series ကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ သဘာဝလွန်အချစ်ဇာတ်ကား​လေး ဖြစ်ပါတယ်။ ဂျိုနာသန်ဟာ ဓါတ်ပုံပညာရှင်တစ်​ယောက်ဖြစ်ပြီး ခရို​အေးရှားမှာ အ​ခြေချ​နေထိုင်ရင်း ဓါတ်ပုံပြပွဲတစ်ခုအတွက် ပြင်ဆင်​နေသူတစ်ယောက်ပါ။ Broken family က ကြီးပြင်းလာသူမို့ စိတ်ဒဏ်ရာ​တွေနဲ့အတူ ဘဝကို တယူသန်​နေထိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဂျိုနာသန်ဆီကို အနာဂတ်က သူ့မိန်းမဆိုသူ ဆို​ရေ တစ်ယောက် အချိန်ခရီးသွားပြီး ​ထူးဆန်းစွာရောက်လာခဲ့ပါတယ်။ သူ ရောက်လာရတဲ့ ရည်ရွယ်ချက်က ဂျိုနာသန့်ဘဝကို ပို​ကောင်းမွန်​လာအောင် ​ဖန်တီး​ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။ သို့​ပေမယ့် အလွဲလွဲအ​ချော်​​ချော်​တွေဖြစ်ပြီး အစက​နေ ပြန်ပြန်စခဲ့ရပါတယ်။ ဆို​ရေတစ်ယောက် ဂျိုနာသန်ရဲ့စိတ်ဒဏ်ရာ​တွေကို ဘယ်လိုကုစား​ပေးပြီး ပို​ကောင်းမွန်တဲ့လူတစ်​ယောက် ဖြစ်လာ​အောင် ဘယ်လိုပါရမီဖြည့်​ပေးမလဲဆိုတာကို စိတ်ကူးယဥ်ဆန်ဆန် ကြည့်ရှုခံစားရမယ့် အင်ဒိုနီးရှား အချစ်ဒရမ်မာဇာတ်ကား​လေး ဖြစ်ပါတယ်။