Nellikkampoyil Night Riders FHD

Nellikkampoyil Night Riders

တမီးလ်နာဒူးနယ်စပ်နားက နယ်လီကမ်ပိုရီလို့ခေါ်တဲ့ နယ်မြို့လေးတစ်မြို့။ ယဉ်ကျေးမှုအသီးသီး ဘာသာအသီးသီးနဲ့လူတွေ နေထိုင်ကြပြီး သရဲတစ္ဆေတွေနဲ့ပတ်သက်ပြီးလည်း အယူသီးကြတယ်။ နာမည်အကြီးဆုံးကတော့ ကူလီဆိုတဲ့ မြို့အစောင့်အရှောက်က ညဘက်တွေမှာ နယ်မြေကိုစောင့်ရှောက်ဖို့ အတောင်ပံဖြန့်ပြီး လှည့်သွားနေတတ်တယ်တဲ့။ ဒီလောက်အယူသီးတဲ့မြို့လေးမှာမှ ညဘက်တွေမှာ ထူးခြားဆန်းကြယ်တဲ့အရာတွေ တစ်ခုပြီးတစ်ခုဖြစ်နေခဲ့ပြန်ရော။ ဒီမှာပဲ အမှောင်ကြောက်တတ်တဲ့ ရှမ်နဲ့အဖွဲ့က ညဘက်မှာဖြစ်တတ်တဲ့ ထူးခြားဖြစ်စဉ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာတော့...။