Angel Flight THE MOVIE FHD

Angel Flight THE MOVIE

Drama FHD 2026

"လူတစ်ယောက် ဘဝနေဝင်ချိန် ရောက်တဲ့အခါ... သူ့ရဲ့ နောက်ဆုံးခရီးလမ်းက အိမ်ပြန်လမ်းပါပဲ"Doctor X မင်းသမီးကြီး Ryoko Yonekura ရဲ့ ပရိသတ်တွေအတွက်ရော၊ ဖြိုင်ဖြိုင်မိုး တစ်ရှူးဆောင်ရတဲ့ Japanese Drama ကောင်းကောင်းကြိုက်တဲ့သူတွေအတွက်ပါ စောင့်မျှော်နေရတဲ့ Angel Flight ရုပ်ရှင်ကားကြီး ထွက်ရှိလိုလာပါပြီ။ ဒီကားလေးကတော့ Amazon Prime မှာ နာမည်ကြီးခဲ့တဲ့ "Angel Flight" စီးရီးရဲ့ အဆက်အနေနဲ့ ထွက်ရှိလာတာပါ။ ရှေ့ကစီးရီးတုန်းကတော့ နိုင်ငံရပ်ခြားမှာ သေဆုံးသွားတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုရင်ခွင်ဆီ ပြန်လည်ပိုဆောင်ပေးတဲ့ "Angel Hearse" ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ အကြောင်းကို စိတ်ထိခိုက်ဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးထားတာ မှတ်မိကြဦးမှာပါ။အခု Movie ဗားရှင်းမှာတော့... နာမီဦးဆောင်တဲ့ နိုင်ငံတကာ ပြန်လည်ပိုဆောင်ရေးအဖွဲသားတွေဟာ ပိုပြီးခက်ခဲနက်နဲတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ဖိုအတွက် ပြည်ကို ခရီးထွက်ရတော့မှာပါ။ ဘာစကားမှ မပြောနိုင်တော့တဲ့ ရုပ်အလောင်းတွေဆီကနေ ကျန်ရစ်သူတွေဆီ ပိုပေးချင်တဲ့ "နောက်ဆုံးဆန္ဒ" နဲ့ "နှုတ်ဆက်စကား" တွေကို သူတိုတွေ ဘယ်လို ဖော်ထုတ်ပေးကြမလဲ...။ဒီတစ်ခေါက်ခရီးစဉ်က သူတိုအဖွဲအတွက် ဘယ်လောက်စိန်ခေါ်မှုတွေများမလဲဆိုတာ ရင်ထဲထိအောင် ကြည့်ရှုရမှာပါ။မျက်ရည်စက်လက်နဲ့ ကြည့်ရမယ့်အပြင် လူ့ဘဝရဲ့ တန်ဖိုး၊ မိသားစုမေတ္တာနဲ့ နောက်ဆုံးနှုတ်ဆက်ခြင်းရဲ့ အဓိပ္ပာယ်ကိုပါ ခံစားရစေမဲ့ Drama ကားကောင်းလေးမို လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦး။