ဆာဗီဆိုတဲ့ သူဌေးသမီးလေးတစ်ယောက်ရှိပါတယ်.. သူ့ရဲ့သူတို့သားလောင်းနဲ့အတူ အိပ်မက်ထဲကမင်္ဂလာပွဲကိုကျင်းပဖို့ တောင်ပေါ်ဒေသလေးတစ်ခုကို ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့မင်္ဂလာပွဲဟာ မိဘတွေစီစဉ်ပေးထားတဲ့ မင်္ဂလာပွဲသက်သက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ ခြေဦးတည့်ရာထွက်လာလိုက်ရင်း တောအုပ်ထဲမှာလမ်းပျောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ အကူအညီတောင်းဖို့လူလိုက်ရှာရင်းဆုံတွေ့လိုက်ရတာက ဘာဗာဆိုတဲ့လူတစ်ယောက်ပါ။ သူကရော ဒီတောအုပ်ထဲကိုဘာအကြောင်းကြောင့်ရောက်နေရတာလဲ… သူတို့နှစ်ဦးကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။