ရန်ဂျန်က ကားအက်စီးဒင့်ဖြစ်ပြီးဆေးရုံပေါ်မှာသတိလစ်နေခဲ့ပါတယ်။သူ သတိပြန်ရလာချိန်မှာ တော့ သူ့ရဲ့မှတ်ဉာဏ်တချို့ ပျောက်ဆုံးနေပါတော့တယ်။ အဆိုးဆုံးကတော့ သူ့ဇနီးသည် ပျောက် ဆုံးနေတာဖြစ်ပြီး သူ့ဇနီးက ဘယ်သူလဲ သူကိုယ်တိုင်တောင်ဘယ်သူလဲ ဆိုတာကိုပါ သေချာမမှတ် မိတော့တာပါ။ ရဲအရာရှိ အာဗီခ် နဲ့အတူ ပျောက်ဆုံးနေတဲ့ဇနီးသည်ကို လိုက်ရှာရင်း ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေမှန်းမသိရတဲ့ လျှို့ဝှက်ချက်တွေကြားမှာ ရန်ဂျန်တစ်ယောက် သူ့အတိတ်ကိုပြန်သတိရလာ မှာလား။သူမေ့နေခဲ့တဲ့ သူ့ရဲ့အတိတ်က လျှို့ဝှက်ချက်တွေနဲ့တကယ့်အမှန်တရားတွေကဘာတွေဖြစ် မလဲဆိုတာ...........။