ကရွတ်ရှ်နာ၊ ပရာဆတ်နဲ့ ဆစ်ဒေ့ရှ်တို့ သူငယ်ချင်းသုံးယောက်က နွေရာသီကျောင်းပိတ်ရက်မှာ အပီအပြင်ကဲဖို့ အစီအစဉ်တွေ ကြိုဆွဲနေခဲ့ကြတာပေါ့။ ဒါပေမဲ့ မိဘဖြစ်သူတွေက မွမ်ဘိုင်းမှာ အင်္ဂလိပ်စာသင်တန်းသွားတက်ဖို့ရာ တချက်လွှတ်အမိန့်ထုတ်ထားတော့ ကြံရာမရဖြစ်နေကြပါရော။ မွမ်ဘိုင်းကို မသွားရဖို့အရေး အသည်းအသန်ကြိုးစားနေကြတုန်းမှာ ဇိုင်းဆိုတဲ့ သူတို့နဲ့ရွယ်တူ မြို့သူလေးတစ်ယောက် သူတို့ဆီ အလည်ရောက်လာပါရော။ မွမ်ဘိုင်းမသွားရဖို့ အင်္ဂလိပ်လိုမွှတ်နေတဲ့ ဇိုင်းဆီမှာပဲ အင်္ဂလိပ်စာသင်ဖို့အရေး မျောက်လောင်းသုံးကောင် ကြိုးစားကြတဲ့အခါမှာတော့...။