Boy in the Pool FHD

Boy in the Pool

Romance Drama FHD 2025

ဇာတ်လမ်းအကျဉ်း ရေကူးဝါသနာပါတဲ့ မိန်းကလေး ဆော့ယောင်း (Hyowoo) ဟာ ရေကူးပိုမြန်စေတဲ့ အရေပြားဆက် ခြေချောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကောင်လေး ဝူဂျူ (Lee Min-Jae) နဲ့ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်မိခဲ့ပါတယ်။ဝူဂျူရဲ့ အရေပြားဆက် ခြေချောင်းလေးတွေက ဆော့ယောင်းပဲသိတဲ့ လျှို့ဝှက်ချက်ဖြစ်လာပြီး သူတို့နှစ်ဦးဟာ တစ်သက်လုံး အတူတူ ရေကူးဖို့ ကတိပြုခဲ့ကြတာပေါ့။ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဝူဂျူဟာ သူ့ရဲ့ထူးခြားချက်ကြောင့် ရေကူးလောကရဲ့ အကျော်အမော်ဖြစ်လာပြီး ဆော့ယောင်းကလည်း ဝူဂျူကို အားပေးတဲ့စိတ်နဲ့ ဝူဂျူရဲ့ ထူးခြားတဲ့ ပါရမီကြောင့် မိမိကိုယ်ကိုယ် သိမ်ငယ်စိတ်တွေကြားမှာ ဒွိဟဖြစ်လာပြီး အဆုံးမှာ နှစ်ဦးသား လမ်းခွဲရဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ ၆ နှစ်ကြာတဲ့အခါမှာတော့ ထူးခြားဆန်းပြားခဲ့တဲ့ အရေပြားဆက် ခြေချောင်းတွေက တဖြည်းဖြည်း ပါးလွှာလာပြီး ရေကူးစွမ်းရည်လည်း ကျဆင်းလာတဲ့ ဝူဂျူဟာ သူ့လျှို့ဝှက်ချက်ကို သိတဲ့ တစ်ဦးတည်းသောသူ ဆော့ယောင်းကို ပြန်သွားတွေ့တဲ့အခါမှာတော့...တစ်ချိန်က မပြီးဆုံးခဲ့တဲ့ ဝူဂျူနဲ့ ဆော့ယောင်းတို့ရဲ့ ချစ်ပုံပြင်လေးကို ဘယ်လိုဘယ်ပုံ ဇာတ်လမ်းဆက်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပေးပါဦးနော်။