Detective Knight: Redemption FHD

Detective Knight: Redemption

မင်းသား Bruce Willis ရဲ့ဇာတ်ကားကောင်းဖြစ်တဲ့ Detective Knight ဇာတ်ကားအသစ်ထွက်လာပြန်ပါပြီ။ဒီကားမတိုင်ခင်ထွက်ခဲ့တဲ့ကားမှာစုံထောက်ကြီးနိုက်ကလူဆိုးတစ်ယောက်ကိုပစ်သတ်ခဲ့တဲ့အတွက်ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။အဲ့ဒီထောင်ထဲမှာသူ့လုပ်ဖော်ကိုင်ဖက်ကိုပစ်ခတ်ခဲ့တဲ့ရုဒ်ဆိုတဲ့လူဆိုးတစ်ယောက်လဲအတူရှိနေပါတယ်။အဲ့ဒီအပြင်ကိုမှထောင်ထဲမှာကွန်လန်ဆိုတဲ့ခရစ်ယာန်ဘုန်းကြီးတစ်ယောက်လဲရှိနေပါတယ်။ကွန်လန်ကသူတို့ကိုတရားဟောရင်း ထောင်သားတွေနဲ့အတူတူရင်းရင်းနှီးနှီးနေတတ်တဲ့ဘုန်းတော်ကြီးတစ်ယောက်ပါ။အဲ့ဒီအချိန်မှာနယူးယောက်မြို့တစ်ဝှမ်းမှာဘဏ်ဓားပြတိုက်မှုတွေဘဏ်တွေကိုဗုံးဖောက်ခွဲမှုတွေဆက်တိုက်လိုလိုဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစုံထောက်နိုက်တို့ရှိနေတဲ့ထောင်ကိုလူတစ်ယောက်ကဦးဆောင်ပြီးထောင်သားတွေကိုလွှတ်ပေးခဲ့ပါတယ်။ထောင်သားတွေအကုန်ထွက်ပြေးသွားပေမဲ့စုံထောက်နိုက်ကတော့တစ်ယောက်တည်းကျန်နေခဲ့ပါတယ်။အဲ့ဒီတော့နယူးယောက်ရဲတပ်ဖွဲ့ကလဲဒီကိစ္စကိုဖြေရှင်းနိုင်မဲ့သူကစုံထောက်နိုက်တစ်ယောက်ပဲရှိတဲ့အတွက်အဲ့ဒီလူကိုလိုက်ဖမ်းခိုင်းပါတော့တယ်။ဘဏ်တွေကိုဓားပြတိုက်ဗုံးဖောက်နေတဲ့သူနဲ့ထောင်ဖောက်ပြီးအကျဉ်းသားတွေကိုလွှတ်ပေးခဲ့တဲ့သူကအတူတူပဲလား။အဲ့ဒီလူကိုရောစုံထောက်နိုက်အရင်လိုဖမ်းဆီးနိုင်ပါ့ဦးမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။