၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ အိုက်စလန် (Icelandic) ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး၊ သံယောဇဉ်နဲ့ ကိုယ့်ဖြစ်တည်မှု Identity အကြောင်းကို ရသစုံအောင် ရိုက်ပြထားတဲ့ Comedy-Drama အမျိုးအစားပါ။ ဇာတ်လမ်းကတော့ အိုက်စလန်နိုင်ငံရဲ့ ငါးဖမ်းမြို့လေးတစ်မြို့မှာ ငါးဟင်းလျာ စားသောက်ဆိုင်လေးတစ်ခုကို အတူတူတွဲဖွင့်ထားကြတဲ့ ငယ်သူငယ်ချင်း နှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်ဟာတစ်နှစ်ပတ်လုံး ဆိုင်ဖွင့်ခွင့်ရမယ့် မထင်မှတ်ထားတဲ့ အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အခြေအနေကောင်းတွေ ရောက်လာချိန်မှာပဲ သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Arna (Arna Magnea Danks) ဟာ တကယ်တော့ လိင်ပြောင်းအမျိုးသမီးတစ်ယောက် (Trans woman) ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအချက်က သူတို့ရဲ့ နှစ်ပေါင်းများစွာ ခိုင်မြဲလာခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်ကို စမ်းသပ်မှုတွေ ဖြစ်လာစေသလို၊ ရိုးရာအစဉ်အလာကြီးတဲ့ မြို့ကလေးထဲမှာ သူတို့ရဲ့ဘဝတွေကို ပြန်လည်သုံးသပ်ဖို့ အကြောင်းဖန်လာပါတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိ ကြည့်ရမယ့်ကားလေးပါ။