Summer School, 2001 FHD

Summer School, 2001

Drama Family FHD 2025

ချက်နိုင်ငံ၊ ချက်ဘ်ဆိုတဲ့မြို့လေးက အဝတ်အစားအတုတွေ ရောင်းတဲ့စျေးမှာအလုပ်လုပ်နေကြတဲ့ ဇွန်းတို့ ဗီယက်နမ်မိသားစု။အဲဒီစျေးလေးကို ဖွန်းဆိုတဲ့ ဗီယက်နမ်လူမျိုးတစ်ယောက်ကပဲ ဖွင့်ထားတာပေါ့။အကောက်ခွန်စစ်ဆေးရေးက ခဏခဏဝင်ဖမ်းပြီး ပစ္စည်းတွေသိမ်းပစ်တာမို့ဇွန်းတို့မိသားစု စားဝတ်နေရေး ခက်ခဲနေတဲ့ကြားကဗီယက်နမ်မှာ ကျန်ခဲ့တဲ့ သားကြီးဖြစ်သူ ကီယန်ကိုပါ ချက်နိုင်ငံဆီခေါ်ခဲ့ပါတယ်။မိဘတွေနဲ့အဝေးမှာ ဆယ်နှစ်ကြာနေခဲ့ရတဲ့ ကီယန်က မိသားစုအပေါ်မကျေနပ်ချက်တွေနဲ့ ဂျစ်ကန်ကန်လုပ်နေခဲ့လို့ သူဌေးဖွန်းကျေးဇူးနဲ့ကီယန်ကို နွေရာသီကျောင်းတစ်ခုဆီ ပို့လိုက်တဲ့အခါမှာတော့...။