Oumi Akira က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် တစ်ကျောင်းလုံးက ကောင်မလေးတွေ ဝိုင်းကြိုက်တာခံရတဲ့ ကျောင်းသားဖြစ်ပါတယ်။ အဲ့ဒီလို Oumiကို Ichimura Eriko (Ellie) ဆိုတဲ့ကောင်မလေးက စိတ်ကူးယဉ်ဖိုအသုံးချပြီး ပိုစ်တွေတင်နေခဲ့ပါတယ်။ တစ်နေ့မှာ Ellie က ပါးစပ်ကြမ်းပြီး ကြီးကျယ်တဲ့ Oumi ရဲ့ စရိုက်အမှန်ကိုသိလိုက်ရပြီး တစ်ချိန်ထဲမှာပဲ Oumiကလည်း Ellie ရဲ့ စိတ်ကူးယဉ်ပိုစ်တွေမြင်ပြီး သူ့လျှိဝှက်ချက်ကို သိသွားပါတော့တယ်။ ဒီကနေ သူတိုနှစ်ယောက်ကြားက လျှိဝှက်ချက်လေးစတင်လာပြီး အချစ်ပန်းတွေဘယ်လိုပွင့်လန်းလာမလဲဆိုတာ ရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားလေးကတော့ Manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ Oumi Akira အဖြစ် Miyase Ryubiနဲ့ Ellie အဖြစ် Hara Nanoka တို ပါဝင်ထားပါတယ်။ အရန်သရုပ်ဆောင်တွေအနေနဲ့ Koseki Yuta, Tsuna Keito, Nishimura Takuya နဲ့ Shiromiya Mizuho တိုလည်း ပါဝင်ထားပါတယ်။