Every Day in Kaimukī HD

Every Day in Kaimukī

Drama HD 2022-01-23 6 80 Min

ဒီဇာတ်ကားလေးကတော့ နာ့ဇ်ဆိုတဲ့‌ ကောင်လေးတစ်ယောက်ဟာ ဟာဝိုင်အီမြိုမှာ ကြီးပြင်းခဲ့ပြီး ဘော်ဒါဘော်ဂျက်တွေနဲ့အတူ ဝါသနာပါရာတွေ လျှောက်လုပ်နေခဲ့ပါတယ်။ လူငယ်ပီပီ စကိတ်စီးကြတယ်။ ညဘက်မှာဆိုလည်း နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ရေဒီယို ရုပ်သံလိုင်းတစ်ခုကို ထုတ်လွှင့်ပါတယ်။ အဲဒီရေဒီယိုရုပ်သံလိုင်းမှာ အပြင်မှာလည်း တကယ်ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်ကာလအတွင်းမှာ အဖော်မဲ့နေတဲ့လူတိုင်းအတွက် ရည်ရွယ်ပြီး အခုလိုထုတ်လွှင့်ဖြစ်တာပေါ့။ တစ်ခါတလေ လူငယ်လေးတွေကို ဖိတ်ပြီး အတူတကွ ထုတ်လွှင့်ဖြစ်နေရင်းပေါ့။ အဖော်မဲ့တယ်ဆိုပေမယ့် ကောင်မလေးတော့ ရှိပါတယ်။ သူ့ကောင်မလေးက နယူးယော့ခ်မြိုတော်ကြီးမှာ အလုပ်အသစ်ရတဲ့အတွက် သွားဖိုပြင်ဆင်နေပါတယ်။ သူကလည်း ကိုယ့်ရဲ့မွေးရပ်မြေ ဟာဝါအီကို စွန့်ခွာပြီး “ဆံထုံးနောက် သျှောင်ပါ” ဖို လုပ်ရင်း စိတ်ကူးတွေယဉ်ခဲ့တာပေါ့။ စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီး လိုအပ်တဲ့ ပစ္စည်းတွေလှမ်းပို၊ မလိုတာတွေကို တခြားသူတွေကို ပေးပစ် စတာတွေအကုန်ပြင်ဆင်နေပါတယ်။ သူသိပ်ချစ်ရတဲ့ ကြောင်လေးကိုတောင် လေယာဉ်နဲ့သယ်ဖိုအထိ ပြင်ဆင်နေတာပေါ့။ ဘော်ဒါတွေကိုလည်း ထုံးစံအတိုင်း ပတ်ကြွားတယ်။ ကောင်မလေးနဲ့ တွေ့ရတော့မယ် ဘာညာနဲ့ ခဏခဏ တဖွဖွ ပြောရင်းကနေ ရုတ်တရက်…