Bad Behind Bars: Jodi Arias FHD

Bad Behind Bars: Jodi Arias

Crime Drama TV Movie FHD 2023-01-21 7.5 88 Min

ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ထောင်ထဲမှာအချိန်ခဏပဲကုန်ဆုံးရမှာပါ။ အဲ့လိုနဲ့ သူတို့နှစ်ယောက်ဟာ ထောင်တွင်းအကျဥ်းသူဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေစဥ်မှာပဲ ထောင်ထဲထပ်ရောက်လာတာကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဂျိုဒီအာရီးယပ်စ်ပါ။ သူမဟာ ချစ်သူကောင်လေးဖြစ်တဲ့ ထရာဗစ်အလက်ဇန္ဒားကို ရက်ရက်စက်စက်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ထောင်ထဲရောက်လာပြီး တရားသူကြီးရဲ့အပြီးသတ်အမိန့်ချမှတ်မှုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ အကျဥ်းသူအသစ်ဖြစ်တဲ့အတွက် အခန်းလွတ်နေတဲ့ ထရေစီ့အခန်းမှာပဲ ထောင်ဝါဒါတွေကနေရာချပေးတဲ့အချိန်မှာ ဂျိုဒီကိုမြင်ကတည်းကကြည့်မရတဲ့ ထရေစီနဲ့ပြသနာတက်ပါတော့တယ်။