My Father's Shadow FHD

My Father's Shadow

Drama FHD 2025

နိုင်ဂျီးရီးယားနိုင်ငံရဲ့ သမိုင်းဝင်နိုင်ငံရေးအကျပ်အတည်းကာလကို ကလေးငယ်နှစ်ဦးရဲ့ အမြင်နဲ့ ဖြတ်သန်းပုံဖော်ထားတဲ့ Drama ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မိသားစုသံယောဇဉ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက ရုန်းကန်ရတဲ့အခက်အခဲတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ၁၉၉၃ ခုနှစ်၊ နိုင်ဂျီးရီးယားနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲကာလ (June 12 election crisis) မှာ ဖြစ်ပွားခဲ့တာပါ။ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Marvellous နဲ့ Godwin တို့ဟာ သူတို့နဲ့ အလှမ်းဝေးနေခဲ့တဲ့ ဖခင်ဖြစ်သူ Sope Dirisu နဲ့အတူ လာဂို့စ် (Lagos) မြို့ကြီးထဲမှာ အတူတူ လည်ပတ်ခွင့်ရခဲ့ပါတယ်။ကလေးနှစ်ယောက်အတွက်တော့ မြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုတွေက စိတ်လှုပ်ရှားစရာ ဖြစ်နေပေမဲ့၊ တစ်ဖက်မှာလည်း သူတို့ဖခင်ရဲ့ နေ့စဉ်ဘဝ ရုန်းကန်ရမှုတွေနဲ့ မြို့ထဲမှာ တဖြည်းဖြည်း မြင့်တက်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို စတင်သတိထားမိလာကြပါတယ်။ လမ်းမတွေပေါ်မှာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ပြန်လမ်းဟာ စိုးရိမ်ထိတ်လန့်စရာတွေနဲ့ ပြည့်နှက်သွားတဲ့အခါ ဒီအခက်ခဲတွေကနေဘယ်လိုရုန်းထွက်ကြမလဲ ကြည့်ရမှာဖြစ်ပါတယ်။