The Fuzzies FHD

The Fuzzies

Horror Comedy FHD 2025

Horror ချစ်သူတွေနဲ့ Stop-motion ကို ကြိုက်တဲ့သူတွေအတွက် ရိုက်ကူးထားတဲ့ Puppet Horror / Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေကနေတစ်ဆင့် ကြောက်မက်ဖွယ် ကောင်းတဲ့ အိပ်မက်ဆိုးတွေအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရိုက်ပြထားတာပါ။ဇာတ်လမ်းကတော့ ငယ်သူငယ်ချင်းတစ်စု သူတို့ရဲ့ သူငယ်ချင်းမလေး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သူမရဲ့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ခြံကြီးထဲမှာ ပြန်လည်ဆုံတွေ့ကြရာက စတင်ပါတယ်။အစပိုင်းမှာတော့ အမှတ်တရတွေကို ပြန်ပြောရင်း အေးအေးဆေးဆေး ရှိနေပေမဲ့၊ မကြာခင်မှာပဲ အဲဒီခြံကြီးထဲက ကြောက်စရာကောင်းတဲ့ Stop-motion သတ္တဝါတွေနဲ့ အကျည်းတန်တဲ့အရုပ် (Marionettes) တွေဟာ အသက်ဝင်လာပါတော့တယ်။ ဒီအရုပ်တွေဟာ သူငယ်ချင်းတစ်စုကို တစ်ယောက်ပြီးတစ်ယောက် ဒုက္ခပေးလာတဲ့အခါမှာတော့... သူတို့ဟာ အသက်ရှင်ကျန်ရစ်ဖို့အတွက် ဒီအိပ်မက်ဆိုးကြီးထဲကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမှာပါ။