Broken FHD

Broken

Broken ရုပ်ရှင်ဇာတ်ကားကတော့ ဖခင်တစ်ယောက်ရဲ့ ရင်ကွဲမတတ် ခံစားချက်တွေနဲ့အတူ တရားဥပဒေရဲ့ အားနည်းချက်၊ လက်စားချေလိုစိတ်နဲ့ လူသားချင်းစာနာမှုတို့ကြားက ပဋိပက္ခတွေကို ရိုက်ကူးတင်ပြထားတဲ့ ရင်နင့်စဖွယ် Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ရှုသူတွေကို "ငါသာဆိုရင်ရော ဘာလုပ်မလဲ" ဆိုတဲ့ မေးခွန်းကို ဇာတ်လမ်းဆုံးတဲ့အထိ မေးခွန်းထုတ်သွားစေမှာပါ။ ဇာတ်လမ်းအကျဉ်း ********************* ဇနီးသည် ဆုံးပါးသွားပြီးနောက် သမီးဖြစ်သူ ဆူဂျင်းနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ ဖခင်ဆန်းဟျွန်းတစ်ယောက် တစ်နေ့မှာတော့ ကမ္ဘာပျက်မတတ် သတင်းဆိုးတစ်ခုကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးဟာ လူငယ်တစ်စုရဲ့ မတရားကျင့်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါပဲ။ တရားခံ​တွေကို ရှာမတွေ့သေးခင်မှာပဲ ဆန်းဟျွန်းဆီကို အမည်မသိ ဖုန်းနံပါတ်တစ်ခုကနေ တရားခံတွေရှိတဲ့နေရာကို Message ပို့ပေးလာတဲ့အခါမှာတော့..... ဒီဇာတ်ကားမှာတော့ ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဥပဒေဘောင်အတွင်းက တရားမျှတမှုတို့ရဲ့ အားပြိုင်မှုကို သရုပ်ဆောင်ကြီး Jung Jae-young ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ မြင်တွေ့ရမှာပါ။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ဝမ်းနည်းစရာ ကောင်းလှတာမို့လို့ စိတ်မကောင်းဖြစ်ရမဲ့ ဇာတ်ကားမျိုးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။