Those Who Call HD

Those Who Call

Horror HD 2021-12-10 3.5 90 Min

မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် အနေဝေးနေခဲ့ကြတဲ့ ညီမနှစ်ယောက်ဟာ ဆက်ဆံရေးတွေ ပြန်လည်နွေးထွေးလာအောင် နှစ်ယောက်အတူ ခရီးထွက်ခဲ့ကြပါတယ် လမ်းတစ်ဝက်အရောက်မှာ မောင်းလာတဲ့ ကားဓာတ်ဆီကုန်ခါနီးမလို့ ဆီဆိုင် လိုက်ရှာရင်း ထူးဆန်းခြောက်ခြားဖွယ် မြို့ဟောင်း တစ်မြို့ကို ရောက်သွားပါတော့တယ် ဆီဆိုင်မပြောနဲ့ အိမ်တောင် တစ်အိမ်မှ မတွေ့ရတဲ့ ဒီမြို့ထဲ အရောက်မှာတော့ ဖုန်းလိုင်းတွေပါ ပျောက်သွားပါတော့တယ် ကံကောင်းစွာပဲ ညီအစ်မနှစ်ယောက်ဟာ ဆီဆိုင်ဟောင်းတစ်ဆိုင်ကို ရှာတွေ့သွားပါတယ် ဒါပေမယ့် ဆိုင်ပိုင်ရှင်ဟာ ညီအစ်မနှစ်ယောက်ကို တွေ့တွေ့ချင်းမှာပဲ ခါးခါးသီးသီးငြင်းလွှတ်ပြီး မြို့က အမြန်ဆုံးထွက်သွားဖို့ ပြောပါတော့တယ် အဲ့ဒီမြို့ဟောင်းကအထွက် သစ်တောတစ်တောထဲအရောက် ညအချိန်မှာတော့ ကားဆီပြတ်သွားကာ ညီအစ်မနှစ်ယောက် ကားထဲမှာ ထိုင်နေစဥ် ညီမဖြစ်သူက လူရိပ်တစ်ခုကို ခြောက်ခြားဖွယ် တွေ့ရှိလိုက်ပါတော့တယ်