ဘိုယောင်းက အကြွေးတွေပိနေလို့ အလုပ်ရှာရင်း အဘွားတစ်ယောက်ကို ပြုစုပေးဖို့ ရွာတစ်ရွာကို ရောက်လာခဲ့တယ် ဒါပေမဲ့ ကလေး ခေါ်မလာရဘူး ဆိုတဲ့ ကန့်သတ်ချက်ကြောင့် သမီးလေးကို ခိုးခေါ်ခဲ့တယ် ရွာကပဲ ကျိန်စာသင့်နေသလား? အပြင်လူ မခေါ်ရဘူးဆိုတာကြောင့်ပဲလား? တကယ်ပဲ ကန်က လူစားတာလားတော့မသိ ခဏခဏရေနစ်ပြီးသေကြတာပဲ… ဘိုယောင်းကလည်း အဘွားကိုပြုစုရင်းနဲ့ သူဌေးဖြစ်တဲ့အဘွားရဲ့ စိန်လက်စွပ်ကိုတိတ်တဆိတ်ရှာနေခဲ့တာ.. ဒါပေမဲ့ နောက်ဆုံးကျ လာခဲ့တာကိုပဲ နောင်တရနေခဲ့ရပါပြီ ဘိုယောင်းနေရာမှာ မင်းသမီး Park Ha Na သရုပ်ဆောင်ထားပြီး ဒါက movie ကိုမှ KBS ကနေ drama special series အနေနဲ့ပြန်တင်ဆက်ထားပါသေးတယ် ဘိုယောင်းနဲ့သမီးလေးတို့ အဲဒီရွာကနေ လွတ်မြောက်နိုင်မလား အဲဒီရွာရဲ့ ထူးဆန်းမှုတွေကဘာတွေလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်