Lock, Stock and Two Smoking Barrels FHD

Lock, Stock and Two Smoking Barrels

Comedy Crime FHD 1998-08-28 8.139 105 Min

နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Guy Richie ရဲ့ဟာသအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ R-rated ဖြစ်တာမလို့ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းတဲ့စကားတွေပါပြီး dark comedy ကားမျိုးဖြစ်တာမလို့ ဒီလိုဇာတ်ကားမျိုးတွေကိုကြည့်ရှုချင် နေတဲ့သူတွေအတွက်တော့ လုံးဝကို Old but Gold ပါပဲခင်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ မြို့ထဲကရာဇဝတ်ဂိုဏ်း‌ ခေါင်းဆောင်တစ်ဦးနဲ့ အတူဖဲဆော့ရင်း တင်သွားတဲ့ ဖဲကြွေး ပေါင် ၅သိန်းကို (၇)ရက်အတွင်း ပေးရမဲ့ Eddy, Tom, Bacon, Soap ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ဒီလေးယောက်က အကြွေးပြန်ဆပ်ဖို့အတွက် ပိုက်ဆံရှာနိုင်မဲ့အလွယ်နည်းလမ်းကိုလိုက်ရှာရင်း သူတို့ဘေးအခန်းထဲမှာ နေရာတနေရာကို ဓါးပြတိုက်ဖို့လုပ်နေတဲ့ Dog တို့ရဲ့လူမိုက်အဖွဲ့က ပြောနေတာကို နားထောင်မိပြီး သူခိုးလက်က သူဝှက်လု လုပ်ဖို့ ကြံစည်ကြပါတော့တယ်။