Lee Cronin's The Mummy FHD

Lee Cronin's The Mummy

Horror Mystery FHD 2026

"Evil Dead Rise" ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Cronin ရဲ့ ၂၀၂၆ ထွက် Horror ကားအသစ် "Lee Cronin's The Mummy" ရပါပြီ။ ဒီကားက ရှေးဟောင်းအီဂျစ်ဂူတွေထဲက Mummy ဇာတ်လမ်းတွေနဲ့ မတူဘဲ မိသားစုအရေးနဲ့ သည်းထိတ်ရင်ဖိုကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးလေးပါ။ ဇာတ်လမ်းအကျဉ်း ++++++++++++ ဇာတ်လမ်းကတော့ သတင်းထောက်တစ်ယောက်ရဲ့ သမီးငယ်လေး သဲကန္တာရထဲမှာ သဲလွန်စမရှိဘဲ ပျောက်သွားရာကနေ စထားတယ်။ ၈ နှစ်လောက်ကြာတော့ မိသားစုလည်း စိတ်ပျက်လက်ပျက် ဖြစ်နေပြီပေါ့။ ဒါပေမဲ့ တစ်နေ့ကျတော့ အဲဒီကောင်မလေး ရုတ်တရက် ပြန်ရောက်လာတဲ့အတွက် အကုန်လုံး အံ့ဩသွားကြတယ်။ တကယ်ဆိုရင် သမီးလေး ပြန်တွေ့တဲ့အတွက် ပျော်စရာ တွေဖြစ်သင့်ပေမဲ့ အဲဒီလို မဟုတ်ဘဲ အိပ်မက်ဆိုးကြီးတစ်ခုလို ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ ဘာတွေ ဆက်ဖြစ်မလဲ၊ သဲကန္တာရထဲမှာ ၈ နှစ်လောက် ဘာတွေကြုံခဲ့ရလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ Horror နဲ့ Mystery ခပ်မိုက်မိုက် ကြိုက်တဲ့သူတွေ သဘောကျမယ့် ကားလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။