Nightmares HD

Nightmares

Horror HD 2022-08-26 8.3 87 Min

ဒီဇာတ်ကားလေးကတော့ ဖွန်အန်းဆိုတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ကို အခြေခံရိုက်ကူးထားပြီး သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေက သူ့လိုအောင်မြင်နေတဲ့ဆရာဝန်ကိုတောင် ဘယ်လောက်ထိ နှိပ်စက်လဲဆိုတာကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ Horror Vibe နဲ့ Thriller Vibe ကို ရောစပ်ပြီးပေးစွမ်းနိုင်တဲ့ဇာတ်ကားဖြစ်တာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဖွန်အန်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့အပြင် သန်းချီတန်တဲ့ ပရောဂျက်ကိုတောင် ဦးဆောင်ဖို့အတွက် တာဝန်ပေးခြင်းခံရတဲ့ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ငွေကြေးကလည်း ချမ်းသာပြီး သူ့ရဲ့ခင်ပွန်းသည်ကလည်း လိုလေသေးမရှိအောင် ချစ်ပေးပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကလည်း သည်းသည်းလှုပ်ဂရုစိုက်ကြပြီး အပြင်ပန်းကြည့်ရင် အစစအရာရာ ပြီးပြည့်စုံတဲ့သူလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့… လျှို့ဝှက်ချက်တွေ၊ စိတ်ဒဏ်ရာတွေများစွာကြောင့် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူတွေကိုတောင် ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လာမလဲ…