Godari Gattupaina FHD

Godari Gattupaina

BollyWood FHD 2026

ရာဂျူးဟာ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်နေတတ်တဲ့ သုံးဘီးသမားလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်တော့ ပါဆင်ဂျာလိုက်ပို့ရင်း ရာဂျူးဟာ လမ်းမှာ မာယာဆိုတဲ့ ဆတ်ဆတ်ကြဲ အင်ဂျင်နီယာကျောင်းသူလေးကိုတွေ့ခဲ့ပါတယ်။ မြင်မြင်ချင်း ကြွေသွားတဲ့ရာဂျူးဟာ မာယာ့အကြောင်း စုံစမ်းကြည့်တဲ့အခါ မာယာဟာ တိုက်ဆိုင်စွာပဲ သူ့ညီမရဲ့ သူငယ်ချင်းဖြစ်နေပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းဟာ အစပိုင်းမှာ သာယာဖြောင့်ဖြူးနေပေမဲ့ စည်းကမ်းကြီးတဲ့ မာယာ့အဖေကြီးက သူတို့ဇာတ်လမ်းကိုသိသွားတဲ့အခါမှာတော့...။ ဖခင်ဖြစ်သူရဲ့ မျှော်လင့်ချက်၊ သမီးအပေါ်ထားတဲ့ သံယောဇဉ်နဲ့ ရာဂျူးရဲ့ကြိုးစားမှုတွေကြားမှာ သူတို့အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။