ကိုရီးယားကျေးလက်တောရွာက အသက်ကြီးပိုင်းလူပျိုကြီးနှစ်ယောက်ဖြစ်တဲ့ မန်ထက်နဲ့ ဟီချောတို့ဟာ အသက် ၃၈ အထိ အိမ်ထောင်ဖက်ရှာမရဘဲ ဝေလေလေဖြစ်နေကြတဲ့ လူပျိုသိုးကြီးတွေပါ။ မန်ထက်က လူရိုးလူအ ကြီးဖြစ်သလောက် ဟီချောကတော့ လူလည်ပေသီးပါ။ ဒီလိုနဲ့ သူငယ်ချင်း၂ ယောက် အိမ်ထောင်ဖက်ရှာမရတဲ့အဆုံး ဥဇဘက်ကစ္စတန်နိုင်ငံကို ထွက်ခွာခဲ့ကြပါတယ်။ သူတို့ ၂ ယောက်ဟာ အိမ်ထောင်ဖက်ရှာဖွေရေးအေဂျင်စီတစ်ခုနဲ့ကြုံတွေ့ခဲ့ကာ ဟီချောက ဥဇဘက်သူလေးတွေနဲ့ ဇာတ်လမ်းရှုပ်နေခဲ့ပြီး မန်ထက်ကတော့ စကားပြန်အမျိုးသမီး လာရာနဲ့ တွေ့ဆုံခဲ့ပြီး ဇနီးလောင်းရှာပုံတော်ဖွင့်တဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရိုးအပြီး စကားနည်းတဲ့ မန်ထက်တစ်ယောက် စကားပြန်မလေး လာရာအပေါ် သံယောဇဉ်တွယ်မိလာတဲ့အခါမှာတော့ အလွဲအချော်တွေနဲ့အတူ ဘယ်လိုအချစ်ဇာတ်လမ်းလေးဖြစ်လာမလဲဆိုတာ...