The Ides of March FHD

The Ides of March

Drama FHD 2011

The Ides of March က George Clooney ရိုက်ကူးထားတဲ့ Thriller / Drama ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ တော်တော်လေးကြည့်လို့ကောင်းပြီးမထင်မှတ်ထားတဲ့ အချိုးအကွေ့တွေလည်းပါတာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း စတီဖင် မေယာ (Ryan Gosling) က အမေရိကန်သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်မယ့် အုပ်ချုပ်ရေးမှူး မိုက်မောရစ် (George Clooney) ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ လုပ်နေတဲ့ လူငယ်မန်‌နေဂျာတစ်ဦးဖြစ်ပါတယ်။ ငယ်ပေမဲ့ တော်သောကြောင့် မိုက်မောရစ်ရဲ့လူယုံတစ်ဦးဆိုလည်းမမှားပါဘူး။ စတီဖင်မေယာက မိုက်ကိုအကြွင်းမဲ့ယုံကြည်သူတစ်ဦးလည်းဖြစ်ပါတယ်။သို့ပေမဲ့ မထင်မှတ်ထားတဲ့ အကွေ့တစ်ခုမှာ ခွာပြဲဖို့အကြောင်းဖန်လာပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ကြပါ။မိုက်အဖြစ် မင်းသား George Clooney စတီဖင်အဖြစ် မင်းသား RyanGosling ပေါလ်ဇာယာအဖြစ် မင်းသား Philip Seymour Hoffman တွမ်အဖြစ် မင်းသား PaulGiamattiသတင်းထောက်မလေးအဖြစ် မင်းသမီး Marisa Tomei တို့ကအားဖြည့်ထားပါတယ်။ခံစားကြည့်လိုက်ကြပါ။