Office Romance FHD

Office Romance

Comedy Romance FHD 2026

ဇာတ်လမ်းအကျဉ်းJackie (Jennifer Lopez) ဟာ Air Cruz ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီတစ်ခုရဲ့ CEO ပါ။ သူက အလုပ်ကို အရမ်းဖိလုပ်တတ်တဲ့သူဖြစ်သလို သူ့ကုမ္ပဏီထဲက ဝန်ထမ်းတွေ ရုံးတွင်းရည်းစားမထားရဆိုတဲ့ စည်းကမ်းကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတဲ့ ဘော့စ်ကြီးပေါ့။တစ်နေ့တော့ ကုမ္ပဏီကို ရှေ့နေအသစ် Daniel (Brett Goldstein) ရောက်လာပါရော။ Daniel က အလုပ်လည်းတော်သလို အရမ်းလည်း ဆွဲဆောင်မှုရှိနေတော့ ဘော့စ်ကြီး Jackie တစ်ယောက် သူ့ချမှတ်ထားတဲ့ စည်းကမ်းတွေကိုသူပဲ ပြန်ချိုးဖောက်ပြီး Daniel နဲ့ ငြိစွန်းသွားပါတော့တယ်။ ရုံးမှာ တခြားသူတွေ မရိပ်မိအောင် ခိုးကြောင်ခိုးဝှက်တွဲရတဲ့ အလွဲလေးတွေ၊ အချစ်ရေးနဲ့ အလုပ်အကိုင်ကြားက ရုန်းကန်ရမှုတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ဒီကားကို Ticket to Paradise (2022) ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ol Parker က ရိုက်ကူးထားတာပါ။ J.Lo ရဲ့ ခပ်တည်တည် စီးပွားရေးလုပ်ငန်းရှင်ပုံစံနဲ့ Brett Goldstein ရဲ့ ဗြိတိန်စတိုင် အေးအေးဆေးဆေးနဲ့ အရွှန်းဖောက်တတ်တဲ့ ကာရိုက်တာ နှစ်ခုကြားမှာ တော်တော်လေး ကြည့်ကောင်းတယ်။ရုံးတွင်းအချစ်ဇာတ်လမ်း (Workplace romance) တွေကိုမှ သဘောကျတဲ့သူတွေ၊ ခေါင်းစားစရာမလိုဘဲ ပေါ့ပေါ့ပါးပါး ရယ်ရပြုံးရမယ့် Rom-Com ဇာတ်ကားကောင်းလေး တစ်ကား ရှာကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဇာတ်ကားလေးပါပဲ။