Women Talking HD

Women Talking

Drama HD 2022-12-23 7.563 104 Min

ဇာတ်ကားကအနှစ်ဆိုပေမဲ့ လောကကြီးရဲ့အမှောင်ခြမ်းကို မီးမောင်းထိုးပြမဲ့ ရုပ်ရှင်ကားလေးဆိုတော့ PG-13 rating‌ ရထားပြီးနဲ့ Darkဖြစ်တဲ့အကြောင်းအရာတွေတော့ပါမှာပါ။ အမျိုးသားတွေသာ အခရာဖြစ်နေခဲ့တဲ့ မြို့ငယ်လေးတစ်ခု၊ အမျိုးသမီးဆိုတာ ပညာသင်ယူခွင့်မရ အရေးအဖတ်တောင် မသိတဲ့ဘဝမှာနေရတဲ့ ဒီမြို့ငယ်လေးမှာနေရတဲ့သူတို့တွေဟာ အမြဲတမ်း အမျိုးသားတွေရဲ့ အနိုင်ကျင့်ခံ အောက်ကျို့ခံတွေပါပဲ။ အရာရာ ပစားပေးခံရလွန်းတဲ့ ဒီအမျိုးသားတွေက ရဲတင်းလာပြီးတော့ တစ်ဆင့်တက်လို့ အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုပါ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာချိန်မှာတော့ အရှက်သိက္ခာကို ထိပါးလာတာကိုသည်းမခံနိုင်တဲ့ အမျိုးသမီးတွေစုပြီး ဒီလူတွေကိုဖမ်းလိုက်ပါတယ်။ မကြာခင်မှာပဲ ဒီလူတွေကို ရဲကလာခေါ်သွားပါတယ် ဒါပေမဲ့… ကျူးလွန်သူတွေကို ဒေါသဖြစ်နေတဲ့ အမျိုးသမီးတွေဆီက ကာကွယ်ပေးဖို့ပါပဲ။ တစ်မြို့လုံးက ယောက်ျားသားများက ပန်းနု‌သွေးနေတဲ့ ဒီလူတွေအတွက် အာမခံပေးတဲ့အပြင်ကို  မြို့မှာရှိတဲ့အမျိုးသမီးတွေကို ၂ ရက်အချိန်ပေးပါတယ်…. ဒီလူတွေကို ခွင့်လွှတ်ပေးဖို့ပါတဲ့။ ခွင့်မလွှတ်နိုင်ရင်တော့ မြို့ကနေ နှင်ထုတ်ခံရမှာပါ။ ဒီတော့ Do nothing, stay and fight, leave ဆိုတဲ့ ၃ ခုထဲက ရွေးချယ်ဖို့အတွက် မြို့ခံအမျိုးသမီးများကိုယ်စား အမျိုးသမီးတစ်စုက ‌၂ ရက်တိတိဆွေးနွေးဖို့ ဖြစ်လာပါတော့တယ်။