ဇာတ်လမ်းအကျဉ်းစုံထောက်တစ်ယောက်ဖြစ်တဲ့ မင်ထယ်ဆူ (Kim Sang-kyung) ဟာ တရားခံမမိဘဲ ပျောက်ဆုံးနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းနေရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဉ်တိုက်မှုတစ်ခုကနေတစ်ဆင့် ရက်စက်လှတဲ့ တရားခံ ဂျိုဂန်းချွန်း (Park Sung-woong) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ထယ်ဆူရဲ့ ညီမဖြစ်သူဟာလည်း ဒီလူသတ်သမားရဲ့ နောက်ဆုံး သားကောင်ဖြစ်ခဲ့ရသလို တစ်ဖက်မှာလည်း ဇနီးသည်ကို ဆုံးရှုံးလိုက်ရတဲ့ ယောက်ျားဖြစ်သူ အီဆွန်းဟျွန်း (Kim Sung-kyun) ဟာ သောကမီးတွေတောက်လောင်ပြီး လူသတ်သမားအပေါ် ကလဲ့စားချေဖို့ ခံပြင်းစိတ်တွေနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။ပြီးပြည့်စုံတဲ့ ကလဲ့စားချေမှုအတွက် ၃ နှစ်ကြာအောင် အသံတိတ် စောင့်ဆိုင်းပြင်ဆင်ပြီးတဲ့အခါမှာတော့... ဥပဒေက အပြစ်ပေးလို့မရတဲ့ လူသတ်သမားကို သူတို့နှစ်ယောက်က ဘယ်လိုနည်းလမ်းတွေနဲ့ သွေးကြွေးပြန်ဆပ်ကြမလဲ... နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကလဲ့စားချေခြင်းရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။