Black Box (Flight 298) FHD

Black Box (Flight 298)

ဇာတ်လမ်းအကျဉ်းဇာတ်လမ်းက New Orleans ကနေ Seattle ကို ပျံသန်းမယ့် Vero Airlines လေကြောင်းလိုင်းက ခရီးစဉ်အမှတ် ၂၉၈ (Flight 298) အကြောင်းပါ။ သာမန်ပြည်တွင်းခရီးစဉ်လေးတစ်ခုကနေ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားတာကို မြင်ရမှာပါ။လေယာဉ်ပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ဆက်တိုက်ဖြစ်လာတယ်။ ပြတင်းပေါက်အပြင်ဘက်မှာလည်း ထူးဆန်းတဲ့ အလင်းရောင်တွေ မြင်နေရတယ်။ နောက်ပိုင်းမှာတော့ သာမန်ချို့ယွင်းချက်မဟုတ်ဘဲ သဘာဝလွန် သတ္တဝါတွေ ဒါမှမဟုတ် ဂြိုဟ်သားတွေရဲ့ ခြိမ်းခြောက်မှုဆိုတာ သိလာရတဲ့အခါ ခရီးသည်တွေ အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။အဓိကဇာတ်ကောင် ဂျယ်ရမီ (Jeremy) နေရာမှာ Tom Brittney က သရုပ်ဆောင်ထားပါတယ်။ သူက အစပိုင်းမှာတော့ သာမန်ခရီးသည်တစ်ယောက်ပုံစံပေမယ့် အခြေအနေတွေ ဆိုးရွားလာတဲ့အခါမှာတော့ တော်တော်လေး အားကိုးရတဲ့သူဖြစ်လာတယ်။ သူ့အပြင် လေယာဉ်မယ် အမ်မာ (Emma) နဲ့ လေကြောင်းလုံခြုံရေးအရာရှိ လော်ရင် (Lauren) တို့ကလည်း ဇာတ်လမ်းကို ပိုပြီးအသက်ဝင်အောင် ပံ့ပိုးပေးထားပါတယ်။