Mystic Tales The Spider Ladys Vendetta FHD

Mystic Tales The Spider Ladys Vendetta

Horror FHD 2026

ဒီဇာတ်ကားလေးဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ iQIYI ကနေ ထုတ်လွှင့်ခဲ့ပြီး Mystic Tales Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး AI နည်းပညာ (AIGC) ကို အပြည့်အဝအသုံးပြု ဖန်တီးထားတဲ့ စိတ်ကူးယဉ်အက်ရှင် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်အတိတ်ကို မေ့လျော့နေတဲ့ မိန်းကလေးတစ်ယောက်... လူတစ်ပိုင်း စက္ကူတစ်ပိုင်းအဖြစ် ကျိန်စာသင့်နေတဲ့ လူငယ်တစ်ယောက်... သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ကံကြမ္မာကို ပြောင်းလဲပေးနိုင်မလား...ဇာတ်လမ်းလေးကတော့ အတိတ်မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့ စက္ကူထိန်းချုပ်ပညာတတ် မိန်းကလေးတစ်ယောက်ဟာ လူတစ်ပိုင်း စက္ကူတစ်ပိုင်းအဖြစ် ပြောင်းလဲနေတဲ့ ဟူပုကွေးနဲ့ ဆုံတွေ့ရာကနေ… မီးလောင်မှုတစ်ခုကြောင့် ကျိန်စာသင့်သွားတဲ့ ဟူပုကွေးဟာ သုံးရက်အတွင်း လူ့ခန္ဓာကိုယ်ကို ပြန်မရရင် စက္ကူရုပ်အဖြစ် ထာဝရပိတ်မိသွားတော့မှာ ဖြစ်ပါတယ် သူ့ကို ကယ်တင်ဖို့အတွက် နှစ်ယောက်သားဟာ ယင်းနဲ့ယန်ကြားက လျှို့ဝှက်ဈေးကို သွားရောက်ပြီး အမြစ်မဲ့ရေ နှစ်တစ်ရာသွေးမင်နဲ့ မငြိမ်းနိုင်သော မီးစာဆိုတဲ့ ရှားပါးရတနာသုံးမျိုးကို ရှာဖွေရတဲ့ အန္တရာယ်များတဲ့ ခရီးစဉ်ကို စတင်ကြပါတယ်…လမ်းတစ်လျှောက်မှာတော့ ပင့်ကူမိစ္ဆာ မကောင်းဆိုးဝါးတွေနဲ့ လျှို့ဝှက်ကြံစည်မှုတွေကို ရင်ဆိုင်ရင်း ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေနဲ့ အတိတ်က အမှန်တရားတွေဟာလည်း တဖြည်းဖြည်း ပေါ်ထွက်လာပါတော့တယ် အချစ်နဲ့လက်စားချေမှုတို့ ရောယှက်နေတဲ့ ဒီစိတ်ကူးယဉ်အက်ရှင်ဇာတ်ကားမှာ လူနဲ့မိစ္ဆာကြားက ကံကြမ္မာဆက်နွယ်မှုတွေ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ ကျိန်စာကို ချိုးဖျက်နိုင်ပါ့မလား ပင့်ကူမိစ္ဆာရဲ့ လက်စားချေမှုနောက်ကွယ်က အမှန်တရားက ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်