ဉာဏ်ကြီးရှင်အဖွဲ့ဟာ အန်းကို အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ပြီး အဖွဲ့ထဲမှာ ကြည့်အကောင်းဆုံးဖြစ်တဲ့ အန်းကိုပြိုင်ပွဲဝင်အဖြစ် ပြိုင်ဖို့ တိုက်တွန်းပါတော့တယ်။ ဒါပေမဲ့ ရှက်တတ်တဲ့ အန်းလေးက ပြိုင်ပွဲပြိုင်ဖို့ ယုံကြည်ချက်ရှိမနေခဲ့ပါဘူး။ ဒါကြောင့်မို့ အန်းလေးကို အဖွဲ့သားတွေအပြင် ကျောင်းရဲ့ မင်းသားလေး ကွမ် ကပါ ကူညီပြင်ဆင်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အန်း ကို beauty club က ကောင်မလေးတွေက အနိုင်ကျင့်နှိပ်စက်ပြီး အရှုံးပေးချင်အောင် လုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ အန်းဟာ မှော်ဆန်ဆန်စာအုပ်လေးတစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စာတစ်လုံးမှမပါတဲ့ စာအုပ်လေးကို စပ်စုရင်း အန်းဟာ စာအုပ်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုဒ်ကို အမှတ်မထင် ဖြည်မိသွားပါတယ်။ အဲဒီနောက်မှာတော့ စာအုပ်လေးက အန်း ရဲ့ ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းပေးမလဲ၊ ပြိုင်ပွဲကိုရော အဆုံးထိ ယှဉ်ပြိုင်သွားနိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဆက်လက်ကြည့်ရှုပေးကြဦးနော်။