Me Before You FHD

Me Before You

Drama Romance FHD 2016-06-01 7.906 110 Min

Louisa  Clark ဆိုတဲ့မိန်းကလေးဟာ ငယ်ရွယ်သွက်လက်ပြီး ပျော်ပျော်နေတတ်သူ။ သူ့မိသားစုအတွက်ဆိုပြီး အလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းလုပ်နေရတယ်။ သို့ပေမဲ့ တစ်ရက်မှာတော့ Clark ဟာ အက်စီးဒင့်ဖြစ်လို့ အောက်ပိုင်းသေနေတဲ့ Will Treynor ဆိုတဲ့ လူငယ်သူဌေးလေးတစ်ယောက်ကို ပြုစုစောင့်ရှောက် ပေးရမဲ့ caregiver ဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့ ပျော်ပျော်နေတတ်တဲ့ စိတ်ထားဟာ နှစ်ယောက်လုံးအပေါ်မှာ သက်ရောက်လာပါတော့တယ်။ သူ့ကြောင့် Will ဟာ အသက်ဘာကြောင့်ရှင်သန်သင့်သလဲဆိုပြီး အောက်ပိုင်းသေနေပေမဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ရင်ဆိုင်ချင်တဲ့စိတ်တွေဖြစ်လာတဲ့အပြင် နှစ်ယောက်ကြားမှာလည်း ဘယ်သူမှမမှန်းဆနိုင် မသိနိုင်တဲ့ သံယောဇဉ်တွေဖြစ်ပေါ်လာပါတော့တယ်။ Game Of thrones ထဲမှာ နဂါးမိခင်အဖြစ် သရုပ်ဆောင်တဲ့ ခယ်လီဆီ (Emilia Clarke) မင်းသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။IMDB Rating 7.4 အထိ ရထားတဲ့ ကားပါ။