မာရီယိုဆိုတဲ့ လူတစ်ယောက်က ပစ္စည်းပျောက်ထိန်းသိမ်းရေး ရုံးမှာအလုပ်လုပ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့ မြစ်အောက်က နေ ရှာတွေ့တဲ့ ပျောက်ဆုံးပစ္စည်းတွေနဲ့အတူ ခရီးဆောင်အိတ် တစ်လုံး သူ့ဆီ ရောက်လာပါတော့တယ်။ ပျောက်ဆုံးပစ္စည်းတွေကို ပြန်ပြင်ပေးလေ့ရှိတဲ့ မာရီယိုက ထိုခရီး ဆောင်အိတ်ကို ပြန်ပြင်ပေးဖို့ရန်အတွက် ဖွင့်ကြည့်လိုက်တဲ့အချိန် မှာတော့ ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။ သူထိတ်လန့်တုန်လှုပ်သွားရအောင် ခရီးဆောင်အိတ်ထဲမှာ ဘာတွေ ပါလာတာမို့လဲ၊ ဘာကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့တာလဲ၊ ခရီး ဆောင်အိတ်ကို ဖွင့်ကြည့်ပြီးတော့ မာရီယိုတစ်ယောက် တစ်ခုခု ဘာကြောင့်အသည်းအသန် စုံစမ်းစစ်ဆေးနေတာလဲဆိုတာကို ဆက် လက်ကြည့်ရှူပေးကြပါဦး။ Mystery ဆန်ပြီး ဇာတ်လမ်းငြိမ့်ငြိမ့် လေးနဲ့ ဆွဲခေါ်သွားမှာမို့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော် လင့်ပါတယ်။