The Assassin HD

The Assassin

Action HD 2023-02-22 5.5 0 Min

ဂျိုဆွန်းမှာ စစ်ပွဲတွေဖြစ်ပြီး ဘုရင်ရဲ့ အာဏာလည်း သက်ရောက်မှုမရှိတော့ လူသတ်ပွဲတွေ ခိုးဆိုးလုယက် အကျင့်ပျက်မှုပေါင်းများစွာနေရာတကာမှာဖြစ်နေတယ်.. ဒီအထဲမှာတော့ ငွေရှိတဲ့သူတွေဟာ သူတို့ပြိုင်ဘက်ပေါင်းများစွာကို တော်လွန်းတဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုငှါးပြီး သုတ်သင်လေ့ရှိတယ်… ဒီထဲမှာ အီနန်ဆိုတာ ဒီလောကရဲ့ ဓားရေးအထက်မြက်ဆုံး  လုပ်ကြံရေးသမားအဖြစ်နာမည်ကြီးတယ်…..ဓားရေးထက်မြက်တဲ့အပြင် လှုပ်ရှားမှုတွေက လျှင်မြန်လွန်းတော့ သူ့နာမည်ကြားတာနဲ့ တော်ရုံသက်တော်စောင့်တွေတောင် ထွက်ပြေးကြတယ်..တစ်နေတော့အီနန်ဟာ အတွင်းအား အသုံးပြုတဲ့အချိန် နှလုံးနဲ့အဆုတ်မှာပြဿနာဖြစ်နေတော့ ဆေးဆရာက ဒီရောဂါကိုကုနိုင်တာ ထူးဆန်းတဲ့ဆေးတစ်ခုပဲရှိတယ်.. ဒါပေမယ့် ခုချိန်ထိ ဘယ်သူမှ ရှာမတွေ့သေးဘူးလို့ အီနန်ကိုပြောလိုက်တယ်.. ဒီအကြောင်းကိုသိတဲ့ အခြားလုပ်ကြံရေးသမားတွေဟာ အီနန်ကို ရေဆုံးရေခမ်း လိုက်လံသုတ်သင်ပါတော့တယ်…အီနန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့…