ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ “The Great Indian Kitchen” ဆိုတဲ့အိန္ဒိယကားလေးပဲဖြစ်ပါတယ် အမျိုးသမီးတစ်ယောက် အိမ်ထောင်ကျသွားပြီးတဲ့နောက် လိုက်လျောညီထွေဖြစ်အောင်နေဖို့အတွက် အခက်အခဲတွေ့ကြုံရပုံ၊ ရှေးရိုးဆန်တဲ့ အတွေးအခေါ် ရိုးရာထုံးစံတွေကြောင့်မွန်းကြပ်ရပုံတွေကိုရိုက်ကူးပြထားတာဖြစ်ပါတယ် ဒီထဲမှာဆိုရင် ဇာတ်ဆောင်မင်းသမီးဟာ ကောင်းမွန်တဲ့မိသားစုမှာအိမ်ထောင်ကျသွားပေမယ့် ယောက်ျားဖြစ်သူ၊ ယောက္ခထီးဖြစ်သူတွေရဲ့ ရှေးရိုးစွဲမှု အဓိပ္ပာယ်မရှိတဲ့ထုံးတမ်းစဉ်လာတွေကြောင့် သူ့ရဲ့လွတ်လပ်မှုဆိုတာ တဖြည်းဖြည်းနဲ့ပျောက်ဆုံးလာပြီး တစ်နေ့တစ်နေ့ အိမ်ထဲမှာနေရတာ မွန်းကြပ်လာခဲ့ပါတယ် အဲဒီတော့သူ့အနေနဲ့ နောက်ဆုံးမှာ သူ့ရဲ့ပျော်ရွှင်မှုလွတ်လပ်မှုကိုပဲရှာဖွေသွားမလား၊ပတ်ဝန်းကျင်မိဘအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုကြောင့် ပျော်ရွှင်မှုမရှိဘဲမီးဖိုချောင်ထဲမှာပဲအချိန်ကုန်လိုက်ရတဲ့အိမ်ထောင်ရှင်မတွေထဲကတစ်ယောက်ဖြစ်သွားမလား… သူ့ရဲ့ဆုံးဖြတ်ချက်က ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာစိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါဦးနော်