မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မုယင်းဟာအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပြီး မြို့ပြဘဝကို နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတော့တယ် ။အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြို့ရဲ့ မျက်နှာဖုံးသူဌေးတစ်ဦးရဲ့ သမီးဖြစ်သူ ချန်ယန့်ယွီကိုပါ ကယ်တင်ရဖို့အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူဌေးကြီး ယဲ့လင်ကျွင်းဟာအညှိုးကြီးစွာနဲ့ ချန်ယန့်ယွီကို လူလွှတ်ပြီး လိုက်သတ်ပါတော့တယ် ။သူကြံစည်သမျှ အကြံအစည်တွေအားလုံးကိုလဲမုယင်းဟာ တစ်ခုပြီး တစ်ခု ဖျက်ဆီးလာခဲ့တဲ့အခါမှာ…?မုယင်း နဲ့ ချန်ယန့်ယွီတို့ နှစ်ဦးသား အတူတူ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ? ယင်းဟာလဲ ကိုယ်ရံတော်တပ်မှူးလေးအဖြစ်ချန်ယန့်ယွီကို ဘယ်လိုကာကွယ်သွားဦးမလဲဆိုတာအခုပဲ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။