Mommy's Little Star FHD

Mommy's Little Star

Crime Thriller TV Movie FHD 2022-05-06 6.6 85 Min

မိသားစုအတူတူ ဒါမှမဟုတ် မေမေနဲ့အတူကြည့်လို့ကောင်းမယ့် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Thriller လို့ဆိုပေမဲ့ တကယ်တမ်းတော့ ဒီတိုင်းအပျော်လေးကြည့်လို့ကောင်းမယ့်ကားမျိုးပါ။ အော်လီဗီယာဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်မလေးဟာ မိဘတွေကွာရှင်းထားတာကြောင့် အဖေနဲ့ပဲ နေရသူပါ။ အမေနဲ့လည်းနေချင်ပေမဲ့သူ့အမေရဲ့ အခြေအနေတချို့ကြောင့် နေခွင့်မရသေးပါဘူး။ တစ်နေ့တော့ သူ့အမေနဲ့အချိန်များများနေခွင့်ရဖို့ သူအမေဆီက ချီကျူးခံရဖို့ကိုမျှော်လင့်ပြီး ဆိုရှယ်မီဒီယာကနေတဆင့် နာမည်ကြီးလုပ်ဖို့ စဉ်းစားမိသွားပါတယ်။အဲဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ influencer ဖြစ်ခွင့်ရမယ့် ပြိုင်ပွဲတစ်ခုကို၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲဟာ ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ အော်လီဗီယာ့ပြိုင်ပွဲကို ကိုယ်ကျိုးရှာတဲ့မသမာသူတွေ ‌၀င်နှောင့်ယှက်တာခံနေရမှန်း မိခင်ဖြစ်သူလော်ရင်းန် ရိပ်မိသွားတဲ့အခါမှာတော့ အော်လီဗီယာတစ်ယောက် အကြီးအကျယ်မျှော်လင့်ထားခဲ့သလိုပြိုင်ပွဲမှာ အနိုင်ရပါ့မလား၊ သူတို့မိသားစု ဘယ်လိုအခက်အခဲတွေ အန္တရာယ်တွေကို ရင်ဆိုင်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။