တရုတ်နိုင်ငံကို ဂျပန်တွေ အုပ်စိုးစဥ် အချိန်ကာလ ၁၉၃၁ ခုနှစ်ဝန်းကျင်အချိန်မှာ တရုတ်ပြည်သူတွေအားလုံးဟာ ဂျပန်တွေရဲ့နှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါတယ် ။ဒီလိုအခြေအနေတွေ အကြပ်ရိုက်နေစဥ်မှာ ကိုယ့်ရဲ့ဂုဏ်သက္ခာကိုရောင်းစားပြီး ဂျပန်လက်အောက်ခစားကြတဲ့သစ္စာဖောက်တွေကလဲ ပေါ်ပေါက်လို့ လာခဲ့ချေပါတယ် ။အဲဲဒီအထဲမှာ မြို့တော်ဝန် ကျန်းဝမ်လင် ဆိုသူဟာလဲ အပါအဝင်ပါပဲ ။မြို့တော်ဝန် ကျန်းဝမ်လင် ရဲ့ ဇနီးဖြစ်သူဟာ ယောကျာ်းဖြစ်သူရဲ့လုပ်ပုံကိုင်ပုံတွေကို အလိုမကျဖြစ်ကာ လုပ်ကြံတော်လှန်ဖို့အထိကြံစည်လာခဲ့ပါတယ် ။ ဒါပေမဲ့ မြို့တော်ဝန်ကျန်းဝမ်လင် နဲ့သူ့ရဲ့ ဂျပန်အပေါင်းအပါတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ချေပါဘူး ။ အဲတာကြောင့် အမွှာသမီးနှစ်ယောက်ကိုခေါ်ကာထွက်ပြေးဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ပဲအမွှာသမီး ၂ ယောက်ဟာ တစ်ကွဲစီ ကွဲပြားသွားခဲ့တဲ့အခါမှာတော့ …