The Mentor (2026) ဒီတစ်ခါမှာတော့ မကြာသေးခင်ကထွက်ထားတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ "အတိတ်က အမှားတွေကို မေ့ပစ်ပြီး ဘဝသစ်တစ်ခု စတင်ချင်သူတစ်ယောက်အတွက် ဒုတိယအခွင့်အရေးဆိုတာ တကယ်ပဲ ရနိုင်ပါ့မလား" ထောင်ကနေ လွတ်မြောက်လာတဲ့ ခရစ်ဆီဟာ သူ့ရဲ့အတိတ်ကို ချန်ထားခဲ့ပြီး ဘဝသစ်တစ်ခု တည်ဆောက်ဖို ကြိုးစားနေတဲ့သူပါ အဲဒီအချိန်မှာပဲ စည်းကမ်းတင်းကျပ်တဲ့ CEO တစ်ယောက်ဖြစ်သူ "ပေါ်ရှား" ဆီမှာ အလုပ်ရရှိခဲ့ပါတယ်။ ထူးခြားတာက ပေါ်ရှားဟာ ခရစ်ဆီကို အလုပ်ခန့်ရုံတင်မကဘဲ ကိုယ်တိုင်လမ်းညွှန်သင်ကြားပေးပြီး အောင်မြင်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာအောင် Mentor အဖြစ် တာဝန်ယူပေးခဲ့တာပါ အစပိုင်းမှာတော့ ခရစ်ဆီအတွက် ဒီအခွင့်အရေးက ဘဝကို ပြန်လည်စတင်နိုင်မယ့် မျှော်လင့်ချက်တစ်ခုလိုပါပဲ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပေါ်ရှားရဲ့ ကြင်နာမှုနောက်ကွယ်မှာ ထူးဆန်းတဲ့ရည်ရွယ်ချက်တွေ ရှိနေကြောင်း သိသာလာပါတယ် အလုပ်ခွင်ထဲက အလုပ်ရှင်နဲ့ဝန်ထမ်းဆက်ဆံရေးတစ်ခုဟာ တဖြည်းဖြည်း အတိတ်ကအကြွေးတွေကို ပြန်ဆပ်ရမယ့် လက်စားချေဂိမ်းတစ်ခုအဖြစ် ပြောင်းလဲလာတဲ့အခါ... အတိတ်ဆိုးကို မေ့ဖျောက်ပြီး ဘဝသစ်စတင်လိုသူနဲ့ သူ့ကို အတိတ်ဆီ ပြန်လည်ဆွဲခေါ်မဲ့ လျှိဝှက်ချက်တွေပြည့်နှက်နေတဲ့ အလုပ်ရှင် CEO တိုကြား ဘယ်လိုအားပြိုင်ပြီး လက်စားချေသွားမလဲဆိုတာ.... ဇာတ်လမ်းပြီးသွားတဲ့အထိ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာ စဉ်းစားစရာဖြစ်စေမယ့် ဇာတ်ကားကောင်းလေးမို လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦး