Clashing Through the Snow FHD

Clashing Through the Snow

Romance Comedy 2026 FHD 2026-11-23 7.1 110 Min

ဒီဇာတ်ကားလေးကတော့ ပိတ်ရက်လေးမှာ ပေါ့ပေါ့ပါးပါး စောင်ကိုက်ပြီး ကြည့်ရှုရမဲ့ ပြိုင်ဘက်တွေအဖြစ်ကနေ ချစ်မိသွားကြမဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုင်ယန်နဲ့ ဟန်နာဟာ စာအုပ်တိုက်တစ်ခုမှာ အလုပ်အတူတူလုပ်ကြပြီးတော့ အမြဲတမ်း ပြိုင်ဆိုင်နေကြတဲ့ အကြီးတန်းစာအုပ်ထုတ်ဝေသူတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ စာအုပ်တိုက်သူဌေးက သူတို့နှစ်ယောက်ကို သပ်သပ်စီခေါ်တွေ့ပြီး လာမဲ့နှစ်ထဲမှာ ဝန်ထမ်းအကြီးအကျယ်လျှော့တော့မှာဖြစ်ပြီး အကြီးတန်းစာအုပ်ထုတ်ဝေးရေး ရာထူးကို တစ်ယောက်တည်းထားတော့မှာဖြစ်တဲ့အတွက် နှစ်ယောက်ထဲက တစ်ယောက်ကို အလုပ်ထုတ်မှာဖြစ်ကြောင်း၊ ဒါကြောင့် စာအုပ်တိုက်ကို အကြီးအကျယ်ပေါက်သွားစေမဲ့ စာမူကို ယူလာပေးနိုင်တဲ့သူကို လုပ်ဆက်ခန့်မှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ရိုင်ယန်နဲ့ ဟန်နာဟာ အလုပ်မပြုတ်ဖို့အရေး နယူးယော့ခ်မှာရှိတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ကို သူမရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို ထုတ်ဝေတဲ့နေရာမှာ ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစားကြဖို့ နယူးယော့ခ်ကို ခရစ္စမတ်ကာလ နှင်းတွေကြားထဲမှာ ခရီးထွက်ပါတော့တယ်။ ဒီတော့ အကြံအစည်တွေနဲ့ ခရီးခိုးထွက်လာတဲ့ သူတို့နှစ်ယောက်သား ဘယ်လိုတွေ ကြုံကြိုက်ကြမလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ကြမလဲ၊ ဒီခရီးစဉ်ကနေ ဘယ်လိုဖြစ်လာကြမလဲဆိုတာကို ခရစ္စမတ် vibe လေးနဲ့ ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။